မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, November 25, 2006

ဆောင်းရာသီလွမ်းဘွဲ့ 

ဆောင်းရာသီလွမ်းဘွဲ့ 

အိပ်မက်ကမ္ဘာထဲ လမ်းလျှောက်နေရသလိုပဲ..
နှင်းမှုန်တွေကြဲချထားတဲ့ လမ်းကြားအိုတွေထဲက
မီးချစ်ဆံပုံးလေးတွေလို အိမ်ကလေးတွေ
နှင်းလေထဲမှာ တိတ်ဆိတ်ငြိမ်သက်..
တကယ်…အိပ်ပျက်နေတာကတော့ “မေ”ပါ.

အချစ်ဆုံးရေ…လှဲလျောင်းရာနေရာလေးမှာ
ထိုင်ကာ “မေ” မငိုတော့ဘူးနော်…
ပါးပြင်ပေါ်က မျက်ရည်တွေ
ပျော်ဝင်မရ.. လှပစွာအေးခဲသွားကြလိမ့်မယ်…

အေးခဲကျွတ်ဆတ် လတ်ဆတ်တဲ့ညလေတွေအဝှေ့ 
ရွေ့ လျောတိုးတိုက်.. ခိုက်တုန်ဝေချမ်း
ခပ်လှမ်းလှမ်းထင်းရှုးတောထဲက
တွဲရရွဲကျနေတဲ့ ရေခဲနှင်းချောင်းတွေကတော့
တဖြောင်းဖြောင်းနဲ့ ရိုက်ခတ်နေကြလေရဲ့ …

“မေ”့ ထွက်သက်ငွေ့ …တရွေ့ ရွေ့နဲ့…
ကျွတ်ဆတ်နေတဲ့ ဓာတ်ကြိုးတွေကိုဖြတ်ကျော်
အဖော်မဲ့ ကောင်းကင်ယံထဲ
ဆည်းလည်းသံတွေလို..
အို…
မြူမှုန်တွေကြား ခပ်ဝါးဝါးထဲမှာ
အလည်များ ပြန်လာလေရော့သလား
တွေ့များတွေ့လိုက်မိသလား…


ဒီနေရာလေးမှာ
တခါတခါ..တိတ်တဆိတ်လာကြေကွဲပါရဲ့
ခံစားနေရတာတွေ… အချစ်ဆုံးမသိပါစေနဲ့ နော်..
တော်ရာတနေရာမှာ..ပျော်နေပါစေတော့လို့
ဝေနေတဲ့အလွမ်းတွေနဲ့ ..
“မေ”ဆုချွေပါရဲ့လေ…




အိမ့်ချမ်းမြေ့

1 comment:

sisain said...

မီးချစ်ဆံပုံးလေးတွေ၊ ရေခဲနှင်းချောင်းတွေ၊ ဝေနေတဲ့အလွမ်းတွေနဲ့
ကဗျာလေး သိပ်လှတယ် အစ်မရယ်-
လွမ်းစရာလေးကိုတောင် စိတ်ချမ်းချမ်းသာသာလေးနဲ့ရေးပြထားတာမို့ ကူးထားလိုက်ပြီနော့ d:P

LinkWithin

Related Posts Plugin for WordPress, Blogger...