မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, October 30, 2006

Roller Coaster

မြန်မာပြည်မြေပေါ်မှာ ကြီးပြင်းလာစဉ်က လူကြီးသူမတွေရဲ့ စကားက
ဝဋ်ဆိုတာ တပတ်လည်တတ်တယ်..တဲ့ ….

ငယ်ရွယ်စဉ်အခါ တချို့ သူငယ်ချင်းမိန်းကလေးတွေရဲ့ 
ခါးပတ်နက်ကိုအားကျခဲ့စဉ်တုန်းက အဖေနဲ့ အမေကတားမြစ်ခဲ့ဖူးတယ်..
ဓါးကိုင်သူဟာ ဓါးနဲ့ ပဲအသက်ဆုံးရတတ်တယ်…တဲ့...

ဒီနိုင်ငံရောက်တော့ သူငယ်ချင်းတွေ အမြဲပြောနေကြစကားက
Whatever goes around, comes around.. တဲ့..

သခင်ခရစ်တော်ရဲ့ စကားလေးတခွန်းကတော့
သင်တို့ စိုက်သည့်အတိုင်း ရိတ်သိမ်းကြရတတ်သည်..တဲ့
အမုန်းကိုပြစ်လွှတ်ရင်လဲ.. အမုန်းကသင့်ဆီပြန်ရောက်တတ်သည်…တဲ့..

လူမမယ်ကလေးလေးတယောက်ရဲ့ သီချင်းတပုဒ်ကတော့..
ဘ၀ဆိုတာ အကွေ့ အကောက် အနိမ့်အမြင့်တွေနဲ့ 
Roller Coaster, up down, up down….
And around … and around….တဲ့

ဝဋ်ဆိုတာကို လူတွေတော်တော်များများကြောက်ကြလိမ့်မယ်ထင်တယ်…
ဝဋ်မလိုက်ပဲ သေသွားချိန်အထိ ကောင်းစားသွားတဲ့သူတွေကိုလဲ မြင်နေရတယ်…
ဒါပေမယ့်…တကယ်လို့ ပေါ့…
ကိုယ်လုပ်ခဲ့တဲ့အရာတခု…
ကိုယ့်ဆီတနေ့  ....
တပတ်ပြန်လည်လာမယ်ဆိုရင်
တပတ်ပြန်လည်လာခဲ့မယ်ဆိုရင်....

အိမ့်ချမ်းမြေ့



1 comment:

Thant Zin said...

ama yel..
if everything is reflected as in a mirror so yin
i juz wannna put my love before a mirror rather than before HER.. @-@

LinkWithin

Related Posts Plugin for WordPress, Blogger...