မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, September 15, 2006

Adario

****** ရယ်...
မင်းအလှမှာယစ်မှုး၊
မင်းအသံမှာ၊ မချစ်ဖူးလို့ အရှုအမှုးနဲ့
မင်းမာယာကြား၊
အဖွဲ့အနွဲ့ကင်းတဲ့ငါ့နှလုံးသား အစအန
အသနားခံနေတဲ့ကြားက
မင်းလှလှပပယူသွားခဲ့တယ်....

****** ရယ်...
ငါ့အချစ်တွေကို...ငါပြန်လိုချင်လို့
ရို့ကြိုးစွာတောင်းပန်ခဲ့...ပေးတဲ့အခါပေး
မပေးတဲ့အခါလဲ...ဖွဲစကွဲလို နေရာအနှံ့
အရောင်တွေဆိုးလို့ လိုက်ကြဲဖြန့်ခဲ့တယ်...

****** ရယ်...
မင်းကိုအပြစ်မယူပေမယ့်
တစစီကြဲပြန့်ခံရတဲ့ ငါ့အချစ်တွေ
ဟိုကပေါ်..ဒီကပျောက်နဲ့
ဘယ်နေမှန်းမသိ ငါလိုက်ရှာမကြည့်နိုင်တဲ့အဆုံး
မပြုံးနိုင်တော့တဲ့ငါ..
မောလျှစွာပင်ပန်းနေခဲ့တယ်...

နှမျောမိပါတယ်****** ရယ်...
ဒီလောကမှာ မကျင်လည်ဖူးတဲ့ငါ..
အရာရာကို လှလှလေးမြင်ခဲ့တာပေါ့...
တကယ်တမ်းကျတော့
ဒီလောကရဲ့ အမှောင်ဘက်ခြမ်းမှာ
ယောင်ဝါးဝါးနဲ့
အားနာတတ်သူငါ တယောက် စမ်းလျှောက်နေခဲ့တယ်...

****** ရယ်...
တရားနဲ့ငါ ဖြေပေမယ့်
လန့်သွားတဲ့ပွဲမှာ...ပြေလည်ရာပြေလည်ကြောင်းထက်
အပျော်သဘောနဲ့ ဖျာရွဲ့ ခင်းလာသူတချို့ကြောင့်
နောက်ဆုံးတော့ငါဟာ...
ငါ့အချစ်တွေအတွက်..
အစတေးခံခဲ့ရတဲ့
မင်းနဲ့ငါ့ရဲ့ ခင်မင်မှုတွေကို အမှတ်ရနေခဲ့ပါမယ်...

♥ အိမ့်ချမ်းမြေ့ ♥

1 comment:

sisain said...

“တရားနဲ့ငါ ဖြေပေမယ့်
လန့်သွားတဲ့ပွဲမှာ...ပြေလည်ရာပြေလည်ကြောင်းထက်
အပျော်သဘောနဲ့ ဖျာရွဲ့ ခင်းလာသူတချို့ကြောင့်
နောက်ဆုံးတော့ငါဟာ...ငါ့အချစ်တွေအတွက်..
အစတေးခံခဲ့ရတဲ့ မင်းနဲ့ငါ့ရဲ့ ခင်မင်မှုတွေကို အမှတ်ရနေခဲ့ပါမယ်...”

ရင်ဘတ်ခြင်းတူသွားတဲ့ စာကြောင်းလေးတွေမို့ အရမ်းကျေးဇူးဗျာ။

LinkWithin

Related Posts Plugin for WordPress, Blogger...